ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် Euro Area ၏ စီးပွားရေးယုံကြည်မှု (Economic Confidence) မှာ ဧပြီလအတွင်း ကျဆင်းခဲ့သည်ဟု ဥရောပကော်မရှင်က ပြောကြားခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် စီးပွားရေးသဘောထားအညွှန်းကိန်း (Economic Sentiment Indicator-ESI) မှာ (၆၇.၀) ပွိုင့် ရှိခဲ့ပြီး ပြီးခဲ့သည့် မတ်လနှင့်နှိုင်းယှဉ်ပါက (၂၇.၂) ပွိုင့် ကျဆင်း ခဲ့ခြင်းဖြစ်သည်ဟု ဥရောပကော်မရှင်၏ စစ်တမ်းရလာဒ်အရ သိရှိရကြောင်း၊ အဆိုပါ စီးပွားရေး သဘောထားအညွှန်းကိန်း (ESI) မှာ စက်မှုလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စားသုံးသူနှင့် လက်လီကုန်သွယ်မှုကဏ္ဍဆိုင်ရာ ယုံကြည်မှုများအတွက် ပေါင်းစပ်အညွှန်းကိန်းအဖြစ် ဥရောပကော်မရှင်က လစဉ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ယင်းကဲ့သို့ ကျဆင်းမှုသည် စီးပွားရေးသဘောထားအညွှန်းကိန်း (ESI) စတင်ဖန်တီးခဲ့သည့် ၁၉၈၅ ခုနှစ်မှစတင်၍ မှတ်တမ်းများအရ အကြီးမားဆုံးကျဆင်းခဲ့မှု ဖြစ်ကြောင်း ဥရောပကော် မရှင်က ပြောကြားခဲ့ကြောင်း၊ အီးယူတစ်ခုလုံးအနေဖြင့် အဆိုပါအညွှန်းကိန်းသည် (၆၅.၈) ပွိုင့်သို့ ကျဆင်းခဲ့ပြီး၊ မတ်လနှင့် နှိုင်းယှဉ်ချက် အရ (၂၈.၈) ပွိုင့် ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း၊ Euor Area ၏ စီးပွားရေးကြီးမားသည့်နိုင်ငံများအနက် စီးပွားရေးသဘောထားအညွှန်းကိန်း (ESI) မှာ နယ်သာလန် နိုင်ငံ(-၃၂.၆) ပွိုင့်၊ စပိန်နိုင်ငံ(-၂၆.၀) ပွိုင့်၊ ဂျာမနီနိုင်ငံ (-၁၉.၉) ပွိုင့်၊ ပြင်သစ်နိုင်ငံ (-၁၆.၃) ပွိုင့်တို့ ဖြစ်ကြသည်ဟု ဥရောပကော်မရှင်အရ သိရှိရကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏ ၂၉-၄-၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)
ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)